မြကြာဖြူ ရေးသားခြယ်မှုန်းသော
.
တုံ့မယူလို
Episode 1
မိုးတွေက သဲသဲမဲမဲရွာ။
ပတ်ဝန်းကျင်က မှောင်မဲ။
အိမ်မဲမဲကြီးတစ်ခု။ခြံဝမှာ.ရပ်လိုက်သည်။ မှောင်နေဆဲ။မည်းနေဆဲ။
ဘာကြောင့်မှန်းမသိ ဝင်သွားမှ ဖြစ်မည်လို့ တွေးသည်။
မှောင်နေပေမယ့် လမ်းသိနေသလို။ ဆက်လျှောက်မိနေဆဲ။ တစ်ကိုယ်လုံး မိုးရေတို့ ရွှဲနေဆဲ။
အိမ်တံခါးက အလိုအလျောက်ပွင့်သွားသည်။ ဧည့်ခန်းကျယ်မှာ ဘာမှ မရှိ။ ပြတင်းပေါက်အနားမှာ လှုပ်ကုလားထိုင် တစ်လုံး ရှိသည်။
ဘေးမှာ.ဖယောင်းတိုင် အကြီးတစ်တိုင်ထွန်းထားသော ခုံပုလေးတစ်ခု။
ရုတ်တရက် လှုပ်ကုလားထိုင်က တစ်စုံတစ်ယောက် ထရပ်လိုက်သလို သွက်သွက်ခါရမ်းပြီး ကျန်ခဲ့သည်။ ဖယောင်းတိုင်မီး အလင်းရောင်အောက်မှာ သွက်သွက်ခါ ကျန်ခဲ့သော လှုပ်ကုလားထိုင်ကို ကိုယ် သေချာမြင်သည်လေ။
ဘာဆိုတာကို မမြင်ရပါလေ။ လေအလျဉ်လို ဖြတ်ဆို အနောက်ရောက်လာသည်။ ကိုယ့်လက်တေကို အေးစက်စက် လက်တစ်ခုကကိုင်ချုပ်သည်။
မှားပြီ။ဝင်လာခဲ့တာ မှားပြီ။ ကိုယ့်အတွက် အန္တရာယ် ရှိနေခဲ့ပြီ။ ပြန်ပြေး။ ပြန်ပြေး အိမ်အပြင် ပြန်ထွက်ပြေး။
ကိုယ့်ဆန္ဒနှင့်ဆန့်ကျင်စွာ အေးက်သောလက်ပိုင်ရှင်က ဆံပင်ရှည်တွေကို ဆောင့်ဆွဲယူရစ်ပတ်သည်။
အိမ်အလယ်တိုင်မကြီးဆီ တရွတ်တိုက်ပါသွားခဲ့ပြီ။ “ဟင့်အင်း မလုပ်နှင့်။” ကိုယ်အော်ပေမယ့် အသံက ထွက်မလာ။
ကိုယ့်လက်တွေက သစ်သားတိုင်မကြီးဆီမှာ အလိုအလျောက်ကပ်သွားသည်။ ကြိုးတွေ ကြိုးတွေ ဘယ်ကမှန်းမသိသော ကြိုးတွေ။
ကိုယ့်လက်တွေကို တင်းတင်းကျပ်ကျပ် တုပ်နှောင်နေသည်။ ရင်ညွှန့်မှာ.ခါးမှာ.ခြေထောက်တွေမှာ ကြိုးတွေ အလိုလို တုပ်နှောင်နေသည်။ လူအကောင်အထည်ကို မမြင်ရ။
ရွှမ်းကနဲ ကျာပွတ်သံတချက်
“အား” နာကျင်စွာအော်မိသည်။
“ဟား ဟား ဟား ဟား ကြောက်သလား ကြောက်သလား။”
အေးစက်စက် အသံ
ဘယ်က လာမှန်းမသိ။
“အား ဖေဖေရေ ဖေဖေရေ”
ရုတ်တရက်
မျက်စိထဲ ဖေဖေ့အသုဘ အခန်းအနားကို မြင်မိ။
ထိုနေ့က ဘုန်းကြီးက သရဏဂုံ ချပေးတာ ကိုယ်လိုက်ဆိုဆဲ။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
“အဖေ အဖေ ကယ်ပါ။”
ရုတ်တရက် အလင်းတန်းတစ်ခု။
ဖေဖေ ရယ်။ ဖေဖေရယ်ပါလား။
ကြိုးတွေ အလိုအလျောက် ပြတ်ထွက်ကုန်သည်။
“ထွက်ခဲ့ သမီး။
အပြင်ထွက်ခဲ့။” နူးညံ့သော ဖေဖေ့အသံ။ ရုတ်တရက် ဖေဖေရှိစဉ်က အိမ်ဘုရားခန်းမှာ ဖေ့ဖေ့ ဘုရားရှိခိုး မေတ္တာပို့သံ။ ကိုယ့်နားဝမှာ ရိုက်ခတ်လို့။
“မြင်အပ် မမြင်အပ် နှစ်ရပ်များစွာ
သတ္တဝါ”
အိမ်အပြင်ပြေးထွက်လာနိုင်ခဲ့သည်။ အိမ်အပြင်ရောက်တော့ မှောင်မနေ လင်းနေတာလဲမဟုတ်။
ဖေဖေရေ ဖေဖေ ရော။
ဖေဖေ သမီးကို ထားမသွားနှင့်
ဖေဖေရေ ဖေဖေ
တဒုန်းဒုန်း.ထုနေသော တံခါးသံ။
အစ်မ အစ်မ
ဒါဒါ အိမ်က အိမ်အကူ ညီမလေး အသံပဲ။
ကိုယ်အိပ်ယာက လူးလဲထ တံခါးဖွင့်ပေးလိုက်သည်။
“မမ မမ အော်နေတာ
အသံကြားလို့ မမိ တက်လာတာ
အို ရေတွေ စိုနေပါ့လား
မမ ဝရံတာ တံခါး.မပိတ်မိဘူး ထင်တယ်။ မိုးပက်တာနေမယ်။ “
မမိရဲ့ အသံကို ကြားနေရပေမယ့်
ကိုယ် ငေးငိုင်မိနေသည်။
ကိုယ့်အိပ်ယာက ဝရံတာနှင့် အလွန်ဝေးကွာသည်ပဲလေ။ ပြီး.စေ့စပ်သေချာတတ်တဲ့ ကိုယ်ဟာ တံခါး မပိတ်မိမှာ မဟုတ်။
ပြီး ကိုယ် မိုးရေတွေ စိုရွှဲနေတာ တစ်ကိုယ်လုံးရယ်။
မမိ အိပ်ယာခင်တွေ ပြန်လဲပေးနော်။
ရေချိုးခန်းတံခါးကိုပိတ်ပြီး
စိုနေသော အဝတ်တွေ ချွတ်ချလိုက်သည်။
ကိုယ့်ရင်ဘတ်မှာ
ဗိုက်သားပြင်ပေါ်မှာ ကြိုးရာတွေ။ ကြိုးရာတွေရဲ့ အပေါ်က ကန့်လန့်ဖြတ် အနီရောင် ကြာပွတ်ရာတစ်ချက်။
မှန်ထဲကြည့်ရင်း ကိုယ့်ကိုကိုယ် နားမလည်နိုင်စွာ။ ကိုယ်မြင်မက်ခဲ့မိသော အိပ်မက်။ ပျက်ပျက်ထင်ထင် ရှိဆဲရယ်။
ပြီးခဲ့သောတစ်လခန့်က ကင်ဆာရောဂါကို နှစ်ရှည်အံတုရင်း ဖေဖေ ဆုံးပါးသွားခဲ့သည်။ ငယ်စဉ်ကတည်းက မေမေ ဆုံးသွားသော ဘဝက ဖေဖေထွက်ခွာသွားချိန်မှာ ပိုလို့ပင် အထီးကျန်ခြောက်သွေ့ခဲ့သည်။
ပုံမှန်အားဖြင့် မင်းမင်းစိုး လို့ အမည်တွင်သော ကိုယ့်ကို လူတွေက ရုတ်တရက် ယောင်္ကျားသာ ထင်တတ်သည်။ ငယ်ရွယ်စဉ်ကတည်းက မေမေဆုံးပါးသွားခဲ့ပြီး ဖေဖေကိုယ်တိုင်က ယောင်္ကျား တစ်ယောက်လို ထုသားပေသားကျ မာကျောကျော ဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့သည်။
ဖေဖေက ရုတ်တရက် ဆုံးပါးသွားခြင်းမျိုးတော့မဟုတ်ခဲ့။ မေမေဆုံးစဉ်ကတည်းက စီးကရက်တစ်လိပ်ဖြင့် မီးခိုးငွေ့တွေကြား အတွေးနယ်ချဲ့တတ်လွန်းသူ ဖေဖေက အဆုတ်တွေ ဒဏ်ဖြစ်သလားမသိ။ အဆုတ်ကင်ဆာကို ၅ နှစ်နီးပါး ခံစားရရှာသည်။ ဆေးသွင်း ဓာတ်ကင်ကုသရာက သက်သာ recurrent လို့ခေါ်တဲ့ ဒုတိယအကြိမ်ပြန်ဖြစ် အရိုးတွေကို ဒုတိယအဆင့် ပွားနေပြီး ဆေးကုသမှုခံယူပေမယ့် နာကျင်မှုကို ကြံကြံခံအံတုရင်း ကုမ္ပဏီ အလုပ်ကိစ္စတွေ ကိုယ့်ကို လမ်းညွှန်မှုပေးရင်း သေဆုံးသည့်နေ့အထိ ကြံကြံခံသွားခဲ့သည်။
ကုမ္ပဏီ ကိစ္စတွေအားလုံး ဖေ့ဖေ့လမ်းညွှန်မှုအောက်မှာ အသေအချာ ဆောင်ရွက်ခဲ့သူမို့ သည်ကုမ္ပဏီကို ဆက်လက်ဦးဆောင်ဖို့ မင်းမင်းစိုးက အရံသင့်ဖြစ်ခဲ့သည်။ ဖေဖေဆုံးပြီး ရက်လည်ပြီးကတည်းက မင်းမင်းစိုး မကြာခဏသည်အိပ်မက်တွေ မက်သည်။
အိမ်မဲကြီးတစ်လုံး၊ လှုပ်ကုလားထိုင်တလုံး၊ ဝါဆိုဖယောင်းတိုင်တစ်ချောင်း၊ ကြိုးတွေ၊ ကျာပွတ်တစ်ချောင်း။ လက်ရှိ မင်းမင်းစိုး ဘဝနှင့် မအပ်စပ်သော အရာတွေ။ အိပ်မက်ထဲတွင် ဖေဖေက အမြဲလာကယ်သည်။ ခက်တာက အိပ်မက်လို့ ထင်ရအောင်လဲ မင်းမင်းစိုး ခန္ဒာကိုယ်ပေါ်မှာ အိပ်မက်ဖြစ်စဉ် ဒဏ်ရာဒဏ်ချက် အချို့ ကျန်ခဲ့စမြဲ။
ရေပန်းအောက်က ဝင်လိုက်သည်။ ရေနွေးနွေးလေးတွေအောက်မှာ ဝင်ရပ်လိုက်သည်။ ကိုယ့်မျက်စိထဲမှာ ရေတွေက ကြိုးတွေလို ကိုယ့်ကို ချည်နှောင်နေပြန်သည်။
“မမ မှာထားတဲ့ ပစ္စည်းထင်တယ်။ delivery လာပို့သွားတယ် မမ။ “
ရုံးအရောက် စာရေးမလေး လာပေးသွားသော အထုတ်ကို လှမ်းယူလိုက်သည်။ စက္ကူ ဘူးဖြင့် ပတ်ကင်ထုတ်ထားပုံရသည်။ အထဲက ပစ္စည်းကို လက်ဖြင့် စမ်းမရ။ သို့သော် ပတ်ကင်ထုပ်ကို ကိုင်ထားဆဲ မင်းမင်းစိုး လက်တွေမှာ ကြက်သီးမွှေးညှင်းတွေ အကြိမ်ကြိမ်ထဆဲ။
ကြောက်နေတာ မဟုတ်တာ ကိုယ့်ဘာကို သိပါသည်လေ။ သည်ဘူးထဲက ဘာပစ္စည်းလဲ သိနေသည်ပဲ။ ကိုင်လိုက်ယုံနှင့် ဘာကြောင့် ကြက်သီးထ လာရသလဲ။ စိတ်တိုတောင်းစွာ ပတ်ကင်ထုတ်ကို စားပွဲပေါ် ပစ်တင်မိသည်။
“မမ ရေ Sun Myanmar က MD သည်နေ့လာမယ်နော် မမ”
အေး ညီမရေ အချိန်မီ သတိပေးတာ ကျေးဇူး။
မင်းမင်းစိုး ဝတ်ဆင်ထားသော T-shirt နှင့် ဘောင်းဘီရှည်ကို မြန်မာအင်္ကျီဝမ်းဆက်ဖြင့် လှဲလှယ်ဝတ်ဆင်သည်။ ပခုံးပေါ် ဝဲကျနေသော ဆံနွယ်တို့ကို စုစည်းချည်နှောင်လိုက်သည်။ မှန်ထဲမှာ အရပ်မြင့်မြင့် ပိန်ပိန်ပါးပါး ချောမောလှပသော မိန်းမပျို တစ်ဦးက မင်းမင်းစိုးကို ငေးကြည့်နေသည်။
“မမရေ Sun Myanmar Trading က MD ဦးကျော်မင်းထင်နှင့်အဖွဲ့ရောက်ပါပြီ assembly corridor မှာပါ။ “
“အိုကေ မမ လာမယ်နော်။”
အတွင်းရေးမှူး ညီမလေးက ပြင်ဆင်ထားသော ဖိုင်တွဲကို မင်းမင်းစိုးဆီ ကမ်းပေးသည်။
“လက်တော့ ညီမ ယူခဲ့မယ်လေ။”
အစည်းအဝေးခန်း ဆင်နားရွက်တံခါးကို တွန်းဖွင့်လိုက်ချိန်မှာ နင်းထားသော ကြမ်းခင်းက လည်ထွက်သွားသလို။ ခေါင်မိုးမျက်နှာကြက်က နိမ့်ဆင်းလာသလို။ လက်ထဲက ဖိုင်တွဲတွေလဲ လွတ်ကျ ပြန့်ကျဲ။
မီးရုတ်တရက် ပျက်သွားခဲ့သည်။ သို့သော် မင်းမင်းစိုးမျက်စိထဲ အိမ်မဲကြီးတစ်လုံး။ လှုပ်ကုလားထိုင်တစ်ခု၊ ဝါဆိုဖယောင်းတိုင်တစ်ချောင်း။ ကြိုးတန်းလန်းနှင့် သစ်သားတိုင်ကြီးတစ်ခု။ သည့်နောက်တော့ မင်းမင်းစိုးထံမှ အသိတရားတွေ အကုန်လွင့်စင်သွားခဲ့ပြီ။
သတိပြန်ရတော့ ဆေးရုံပေါ်မှာ။ အနားမှာ စိုးရိမ်တကြီး သူ့အတွင်းရေးမှူးမလေး။ “မမ ဦးကျော်မင်းထင်တို့ ambulance လှမ်းခေါ်ပေးတယ်။ စိုးရိမ်လို့ ဆက်စောင့်နေတာ။ မမ သတိရတဲ့အထိ။”
“ဟုတ်တယ် ဒေါ်မင်းမင်းစိုး။ ဆရာဝန်ကတော့ Hypo ရသွားတာပါတဲ့။ BP ကျနေတယ်ဗျ။ ဦးလေးဆုံးသွားတော့ စိတ်ထိခိုက်ရတာရယ်။ အလုပ်တွေ ဆက်တိုက်လုပ်နေလ်ု့ထင်တယ်။ ကဲ စိတ်ချရပြီဆိုတော့ ကျွန်တော် ပြန်ပါဦးမယ်။ assembly ကတော့ ပြန်စီစဉ်ကြတာပေါ့။”
“သြော် ဒေါ်မင်းမင်းစိုးရေ တစ်ခါတစ်ရံ လွှတ်ချသင့်တာတွေကို ပစ္စပ္ပုန် ကို မသယ်နှင့်တော့ဗျ။”
နောက်ဆုံးစကားကို ဦးကျော်မင်းထင် ပြောနေစဉ်မှာ သူက သူမဟုတ်တော့။ ရုတ်တရက် သူမြင်နေကြ သစ်သားတိုင်မကြီးမှာ ဦးကျော်မင်းထင်က ကြိုးချည်ခံထားရသည်။ ရုတ်တရက် ဖျတ်ဆို ပြန်ပြောက်သွားပြီး ရည်မွန်သော ဦးကျော်မင်းထင်မျက်နှာ။ ဦးကျော်မင်းထင်က နှုတ်ခမ်းထောင့်ကို ကွေးညွှတ်ရင်း ပြုံးပြသည်။ အရာအားလုံး ပိုင်ပိုင်နိုင်နိုင်သိနေသူရဲ့ မျက်ဝန်းမျိုး။
“နေကောင်းအောင် ဂရုစိုက်ဦး။ ဒေါ်မင်းမင်းစိုး။ ကျွန်တော်တို့တွေ့ကြသေးတာပေါ့။”
တွေ့ကြသေးတာပေါ့
တွေ့ကြသေးတာပေါ့
စကားလုံးက ကြိမ်ဖန်များစွာ ရိုက်ခတ်။ သတိဝင်ပြီး လှမ်းခေါ်တော့ သူမရှိတော့ပြီ။
ကားလေတိုးသံက တဟူးဟူး။
တောင်တန်း အကွေ့အကောက်တွေကြား ကျော်လွန်ခဲ့ပြီ။
သာစည်ကို ကျော်လျှင် အမြန်လမ်းရောက်ဖို့ မဝေးတော့ပြီပဲ။
အင်း အခု ည ၁၀ နာရီသာသာ ဆိုတော့ သိပ်အိပ်ချင်လာရင် နေပြည်တော် ရောက်မှပဲ ဟိုတယ်တစ်ခုခု ဝင်အိပ်ပါတော့မယ်လေ။ သည်တစ်ခေါက် တောင်ကြီးကို အလုပ်ကိစ္စနှင့်လာတော့ ကားနှင့် လာဖြစ်ခဲ့သည်။
သည်လမ်းသည်ခရီးကို Driver မပါပေမယ့် ဖေဖေနှင့်အတူ လာစဉ်က driver အကြိမ်များစွာ လုပ်ခဲ့ဖူးသည်မို့ confidence ကတော့အပြည့်။ သူ့အတွင်းရေးမှူးမလေးကတော့ နောက်နေ့မနက်မှ ပြန်ဖို့ပြောပေမယ့် မနက်ဖန်ရန်ကုန်က အလုပ်တချို့ လက်မလွှတ်ချင်။ သည်ကလေးမက အခုမှ သည်လမ်းကြော လိုက်ဖူးသူမို့ နဲနဲတော့ စိုးရိမ်နေပုံရသည်။
“မမ မိုးရွာလာပြီ ထိန်းမောင်းနော်”
“အေးပါဟာ ငါသိပါတယ်။
အခုက မြေပြန့်ရောက်နေပြီ ၂ နာရီလောက်မောင်းလိုက်ရင် အမြန်လမ်းပေါ်ရောက်တော့မှာ “
စကားပြောနေရင်း သတိပိုထားပြီး မောင်းဖြစ်သည်။ အကွေ့တစ်ခုရောက်တော့ ရုတ်တရက် ကားကို သူမထိန်းနိုင်။ ဘရိတ်ကို အသာချော့အုပ်ပေမယ့် မမိ။ သူကိုယ်တိုင် ရင်ထိတ်သွားပြီး အရှိန်ကို တဖြည်းဖြည်းလျော့ချသည်။ ကားက လမ်းမှန်မဟုတ်တော့။ ဘေးက ကွင်းကျယ်ထဲ ထိုးဆင်းသွားပြီ။ သစ်ပင်တစ်ပင်ဆီ ဦးတည်နေသော်လဲ အရှိန်ပြင်းပြင်းမတိုက်မိအောင် တိမ်းမှောက်မသွားအောင် သူ့ကျွမ်းကျင်မှုက ကူညီသည်။ လေအိတ်တွေလဲ ပွင့်သွားခဲ့သည်။ အကြောက်လွန်နေသော သူ့အတွင်းရေးမှူးကို အားပေးရသေးသည်။ တော်သေးသည်။ အနီးအနားက ရွာဆက်ပြတ်သောနေရာမဟုတ်။ အိမ်တွေရှိသည်။
“ကဲ ညီမရေ ဖြစ်သမျှ အကြောင်း အကောင်းပေါ့။ တောင်ကြီးရုံးခွဲ ဖုန်းဆက်ပြီး သူတို့ဆီက ကားနှင့် ဆက်သွားတာပေါ့။ သည်ကားကတော့ သူတို့ပြင်ခိုင်းရမယ်။ ကဲ အရေးကြီးပစ္စည်းတွေယူ။ “
သူတို့ကား သစ်ပင်နှင့်တိုက်မိသည့်နေရာနှင့် မနီးမဝေးက အိမ်တအိမ်က လက်နှိပ်မီးတဝင်းဝင်းဖြင့်ရောက်လာသည်။
“ကားဆရာ ဘာဖြစ်သွားသေးလဲ။
တော်သေးတာပေါ့ လူတွေ မထိတာ။ လာလာ ဦးကြီးတို့အိမ်မှာ.ခဏနား “
သူတော်ကောင်းနှငိ့တွေ့ပေလို့သာပေါ့။ မိန်းကလေးတွေ မဟုတ်လား။ ဦးကြီးတို့အိမ်ရောက်တော့ အဒေါ်ကြီးတစ်ဦးကပါ မီးခွက်မြှောက် ဆင်းကြိုဆိုရှာသည်။
“ဟေ့ မယ်မြရေ မိန်းကလေးတွေဟ ကံကောင်းလို့ မသေကောင်း မပျောက်ကောင်း ကူညီလိုက်ဦးဟာ အဝတ်အစားဘာညာ လဲဖို့ ။ ညစာရော စားပြီးပလား မေးဦး။”
သူတို့နှစ်ယောက်ကံကောင်းပါသည်။ သရဲဝတ္တုတွေထဲကလို ကားပျက် သရဲအိမ်ထဲတွေ့။ မနက်ကျ သချိုင်းမှာ အိပ်ပျော်နေ အဖြစ်မျိုး မဟုတ်လို့ ။ အိမ်ရှင်များ ရိုးသားပြီး သဘောကောင်းကြသည်လေ။
မနက်အိပ်ယာထတော့ တောင်ကြီးက လူတွေ လိုက်လာမှာ စောင့်ရသည်။ သူ့အတွင်းရေးမှူးမလေးက အိပ်ပျော်နေဆဲ။ မင်းမင်းစိုး အညောင်းပြေ လမ်းလျှောက်ထွက်ခဲ့မိသည်။
မျက်စိက တဖက်ခြံကိုတွေ့မိတော့။ လက်ထဲက ဖုန်းပင် လွတ်ကျသွားမိသည်။
ဘေးချင်းကပ်လျက် ခြံ။
ခြံအတွင်းက အိမ်မဲကြီးတစ်လုံး။
အင်မတန်ရင်းနှီးခဲ့သည့် မြင်ကွင်း။
ကိုယ့်အိပ်မက်တွေထဲက အိမ်။
ခြံတံခါးက အဝေးကကြည့်တော့ သော့ခတ်ထားသလို။ အနီးရောက်သွားတော့ သော့ကချိတ်ယုံ ချိတ်ထားသည်ပဲ။ တစ်ခုခုက ဆွဲဆောင်နေသလို ခြံထဲ ဝင်လာခဲ့မိသည်။ ခြံကြီးက လူမနေတာကြာသလို ချုံနွယ်ပိတ်ပေါင်းတွေနှင့်။
ရယ်သံလေးတွေ
ခလေးငယ်လေးတစ်ယောက်ရဲ့ ရယ်သံ။ ခိုးခိုးခစ်ခစ်ကလေး။
အို ကလေးမလေးတစ်ယောက်ပါလား။
ချစ်စရာကောင်းလိုက်ပါဘိ။
ပြေးလွှားဆော့ကစားရင်း ရယ်နေပုံလေး။
ခဏနေတော့ ကောင်လေးတစ်ယောက်ရဲ့ ရှိုက်ငိုသံလေး။ ကောင်လေးနားရွက်ကို တင်းတင်းလိမ်ဆွဲရင်း
“နာပါပြီ မမရဲ့။ လွှတ်ပါတော့ မမရဲ့”
ကလေးငယ်နှစ်ဦးပါလား။
ရုတ်တရက် လူကြီးတွေဖြစ်သွားခဲ့သည်။ကလေးမလေးက မင်းမင်းစိုးဖြစ်လာခဲ့ပြီး ကောင်လေးက ကျောပေးထားဆဲ။ ဘယ်သူမှန်းမသိ။
“နင် ငါခိုင်းတာ မလုပ်ဘူး ဟုတ်လား။”
ကိုယ်က ကောင်းလေးခေါင်းက ဆံပင်တွေကို ခပ်ကြမ်းကြမ်း ဆွဲကိုင်ရင်း ကောင်လေး ပခုံးကိုဖိချလိုက်သည်။ ကောင်လေးက ဒူးထောက်လျက်။ သူ ခေါင်းငုံနေဆဲ။ ဒေါသတကြီး ပါးကို ၃ ချက်လောက်ဆင့်ရိုက်ပစ်လိုက်ပြီး ခေါင်းငုံနေတာ အလိုမကျစွာ ဆွဲမော့ပစ်လိုက်သည်။
ဘုရားရေ ကျော်မင်းထင်ပါလား။
ငါက ကျော်မင်းထင်ကို ပါးရိုက်မိတာ။ ရုတ်တရက် အားနာရှက်ရွံစိတ်။
အိမ်မဲကြီး တံခါးဝက ကိုယ်ဝင်လာတော့ အဆင်သင့်ပွင့်လျက်။
လှုပ်ကုလားထိုင်တစ်ခု ။
ဘုရားရေ
အိပ်မက်ထဲက အတိုင်း။
ဖုံအလိမ်းလိမ်းတက်နေဆဲ လှုပ်ကုလားထိုင်။ လှုပ်ကုလားထိုင်ဘေးမှာ ဝါဆိုဖယောင်းတိုင်တုတ်တုတ်တစ်ချောင်း။ ထွန်းလက်စ အနေအထား။ ဘေးမှာ ဖယောင်းသားတချို့။ ဖုန်အလိမ်းလိမ်းတက်နေသည့် ဖယောင်းတိုင်။ အိမ်ရဲ့ ပင်မ သစ်သားတိုင် လုံးလုံးကြီး။ အိပ်မက်ထဲကလို ကြိုးတွေတော့မရှိ။
“အား နာလှပြီ မမရယ့်
ဟီးဟီး လွှတ်ပေးပါတော့ ကြောက်လှပါပြီ မမရဲ့။ “
ရွှမ်းဆို ရိုက်ချလိုက်သည့် ကျာပွတ်သံတွေ။ ငိုယိုတောင်းပန်နေသံ
မင်းမင်းစိုး နားထဲမှာ စီစီနှင့် မြည်နေသည်။ အသံတွေက နီးလာလိုက်။ဝေးလာလိုက်။ တိုင်လုံးမှာ ကြိုးချည်ထားသော ကျော်မင်းထင်ကို သူဘာကြောင့်များ အညှာတာမဲ့ ရိုက်မိနေပါလိမ့်လေ။
ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်တော့ ကျော်မင်းထင်ရင်ဘတ်မှာ ကျာပွတ်ရာတွေ ထပ်လို့။ သွေးစီးကြောင်းတစ်ချို့ပါ။ အော်ဂလီဆန်သော ခံစားမှု.တချို့ မင်းမင်းစိုး လဲကျသွားခဲ့ပြီ။
အမိ ဆုံးသွားချိန်မှာ အဘလဲ မရှိတော့သည့်ဘဝမို့ ရွာက လူကြီးတွေစီမံရာသာ သူနာခံရတော့သည်။ သူတို့ရွာက အတော်ခေါင်သည်။ ရွာသာကြီးကတော့ မြို့နှင့်နီးသည်မို့ စည်ကားလေသည်။ သူနေရသည့် အိမ်ကြီးက အကြီးကြီး။ သူနေခဲ့ရသည့် လေးတိုင်စင်အိမ်ကလေးနှင့်တော့ အကွာကြီးကွာသည်။ သူ သည်အိမ်မှာ အောက်ခြေသိမ်း အကုန်လုပ်ရင်း နေစရာ ကျောတခင်း၊ စားစရာ ထမင်းတပန်းကန်တော့ မပူမပင်ရ။
သို့သော်
ရွှေစင် ကိုတော့ သူကြောက်ရသည်။ သူမှမဟုတ် သည်အိမ်က သူရင်းငှါး၊ အိမ်ကူ အကုန် ကြောက်သည်။ ရွှေစင်သည် အိမ်ကြီးရှင်ရဲ့ တစ်ဦးတည်းသော သမီး။
“ငမောင် ငမောင်”
သူ ကပျာကယာ ပြေးထွက်လာတော့
“နင့်ကိုငါ ဘယ်နှစ်ခါပြောရမလဲဟင် ငါခေါ်ရင် တခွန်းနှင့်ငါ့ရှေ့ရောက်ရမယ်ဆိုတာ။ “
သူ့နားရွက်ကို ဆွဲလိမ်တော့ သူမအော်ရဲ။
“မှတ်ပလား။ နင် သောက်ပိုးကို မကျိုးတာ။ သွား အဲ့အပင်ဘေး ဒူးထောက်နေစမ်း။ အံမယ် အပင်ရိပ်မနေနှင့် နင့်ကို နေပူလှမ်းရမယ်”
ထိုနေ့က သူ့ကို ရွှေစင်က နေပူလှမ်း အပြစ်ပေးခဲ့သည်။ ပြီးတော့ ရွာထဲက အလှူ တစ်ခုကို မိသားစုလိုက်ထွက်သွားတော့ နေပူထဲက သူ့ကို ရွှေစင်မေ့သွားခဲ့သည်။ ရွှေ့စင့် ဒေါသကိုသိလို့ ဘယ်သူမှ သူ့ကို ဝင်မနားခိုင်းရဲ။ နေပူပြင်းပြင်းအောက်မှာ ဒူးထောက်နေရင်း ပေးခဲ့သောအပြစ်ဒဏ်။ သြော် ရွှေစင်ဆိုတာ ငမောင့်ဘဝအတွက်တော့ သခင်မ တစ်ပါးရယ်လေ။
အိမ်ရှိ အလုပ်သမား အကုန် ရွှေစင်နိုင်စားပေမယ့် ရွယ်တူဖြစ်သော ငမောင့်ကို ရွှေစင်က အနိုင်စားဆုံး ဖြစ်လိမ့်မည်။ ရွှေစင့်မိဘ ဦးကြီးနှင့် ဒေါ်ကြီးတို့ကလဲ တစ်ဦးတည်းသော သမီးလေး ဘာလုပ်လုပ်။ ရွှေစင့်စိတ်ကြိုက်သာ။ သည်အိမ်မှာက ရွှေ့စင့်အမိန့်သာ အတည်။
“ငမောင်”
အဲ ခေါ်လေပြီ ရွှေစင်ကျောင်းက ပြန်လာသည်နှင့် ငမောင့်အမည် တန်းခေါ်တတ်သည်။ ငမောင် ရွှေစင့် လွယ်အိတ်နှင့် ထမင်းချိုင့်ခြင်းကို လှမ်းယူသည်။ အိမ်ထဲရောက်တော့ သဲအိုးလေးထဲက သောက်ရေအေးအေးလေးတခွက်ခပ်။ ပန်ကန်ပြားခံရသေးသည်။ ရွှေစင့်နားရောက်တော့ သူ ဒူးထောက်ထိုင်ချပြီး ရေဖန်ခွက်ကလေး ပင့်ကိုင်ပေးထားသည်။ သည်လို အချိုးမပြေလို့ကနော့ ငမောင် ညစာငတ်နိုင်လေသည်။ တိတ်တခိုးလေး အသာမော့ကြည့်သည်။ လှပဝင်းမွတ်သော လည်တိုင်လေး။ လှပဘိ သခင်မဖုရားလေးရယ်။ ငမောင် သည့်ထက် မော်မကြည့်ဝံပါ။ ရေဖန်ခွက်ကို ယူသောက်ပြီး ရွှေစင် အခန်းထဲ ဝင်ကာမှ သူထဝံသည်။
ရွှေစင် ဆိုသော သူ့သခင်မဘုရားရယ်။
ကြည်အေးရေ ငါထမင်းစားမယ်
အိမ်အကူကလေးမက ပြာပြာသလဲ အဆင်သင့် ပြင်ဆင်ပေးရှာသည်။
ထမင်းစားပွဲမှာ ရွှေစင်ဝင်ထိုင်ရင်း အပြစ်ရှာသလို ဝေ့ကြည့်သည်။ အားလုံး ရွှေ့စင့်အကြိုက်ဟင်းတွေချည်း။ သည်နေ့ ရွှေ့စင့်မိဘတွေ မရှိ ။ အတော်ပဲ။
“ဘယ်မလဲ ဟိုခွေးကို ခေါ်လိုက်။”
ကြည်အေး ပြာပြာ ပြာပြာနှင့် အိမ်ပြင်ထွက်သွားသည်။ နွားစာတဲဘက်လှည့်ပြီး “ကိုငမောင်ရေ မမရွှေစင် ခေါ်နေတယ်။ “
ငမောင် ကပြာကယာ ပြေးဝင်လာခဲ့တော့ ” ကြည်အေး သွားတော့ ငါခေါ်မှလာ။ “
“ငမောင် ငါ့နားမှာ နင် ဘယ်လို နေရမလဲ သိလား။”
ကပြာကယာ သူ ဒူးထောက်မိသည်။
မမရွှေစင်က ထမင်းအေးဆေး ဆက်စားနေဆဲ။
“နင်ဆာနေပလား ငမောင်”
“ရော့စား ပုစွန်ထုတ်က ပုသိမ်က ငါတို့ဘကြီးတွေ ရေခဲရိုက်ပို့လို့ စားရတာ။ ရော့နင့်ကို တစ်ကောင်ကျွေးမယ်။”
ကြမ်းပေါ်ပစ်ချပေးလိုက်သော ပုဇွန်ထုတ်တစ်ကောင်။
“စားလေ။ လက်နှင့်ကောက်မစားနှင့် “
ငမောင် ရင်ထဲနင့်သွားသလို။
ရွှေစင်မဖုရားလေးရဲ့ သူ့အပေါ် အသိအမှတ်ပြုမှုက သည်လိုလေ။
ရပါသည်လေ။
အရသာရှိပါသည်။ သဲတို့ပေလူးနေပေသည့်။ သူစားပြီးသွားတော့ ကြမ်းပေါ်က ပေရေနေတာတွေ လျှာနှင့်သန့်ရှင်းရေးတခါတည်းလုပ်သွားတဲ့။
အမိန့်ကိုမပယ်ရှားဝံသူရယ်ပါ။
ယောင်္ကျားတန်မဲ့ ကျမိခဲ့သည့်မျက်ရည်တစ်စက်။
နူးညံ့လှပပါလျက် ရက်စက်ခြင်းသရဖူ ဘာကြောင့်များဆောင်းရပါသလဲလေ။
ရွှေစင်နှင့်ငမောင် ။
ရွှေစင်က သာစည်အထက်တန်းကျောင်းမှာ တက်ပြီး ၁၀ တန်းအောင်တော့ မန္တလေးမှာ တက္ကသိုလ် ဆက်တက်သည်။ ငမောင်ကတော့ သည်အိမ်ရဲ့ ကျွန်ရင်းဖြစ်ဆဲ။ ရွှေစင်ပြန်လာလျှင် ထိပ်ထားသခင်မ ရွှေသဘောတော်ကျ ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့ပေမယ့် ငမောင်က ကျေနပ်နေခဲ့သည်။
သည်နေ့ ရွှေစင်ကျောင်းပိတ်လို့ ပြန်လာမည့်ရက်။ လှပသောရွှေစင်သည် မြို့ကြီးသူလို ပိုပြင်ဆင်တတ်လာသည်။ မြို့ကြီးသူရဲ့ အမူအကျင့်တွေလဲ ပိုမို ကူးစက်လာခဲ့သည်။
ရွှေစင့်ခရီးဆောင်အိတ်တွေ သူနေရာချပြီး အခန်းထဲက လှည့်ထွက်မည်လုပ်တော့ “ဟဲ့ကောင် နေဦး” တဲ့။ ငမောင်ပျော်လိုက်သည်လေ။ သူဘယ်လိုနေရနေရ ရွှေစင့်အပါး သူနေချင်သည်လေ။
ရွှေစင် ခရီးဆောင်အိတ်ဖွင့်ကာ လျှော်စရာတွေ ထုတ်ယူလိုက်သည်။ ငမောင့်ရှေ့ချပေးလိုက်သည်။
“ငြင်ငြင်သာသာ လျှော်နော်
ငါ့အဝတ်တွေက တန်ဖိုးကြီးတွေ
ချိတ်နှင့်လှမ်းရမယ်နော် ပင်တီတွေလဲ ချိတ်နှင့်လှမ်း တစ်ခုခုပျက်စီးရင် နင်သေမယ်။”
ရွှေစင်ချပေးလိုက်တဲ့ အဝတ်ပုံကိုယူရင်း ထွက်လာခဲ့တော့ သူ့စိတ်ထဲကျေနပ်နေဆဲ။ တကယ်က ယောင်္ကျား ပီသသောရုပ်ရည်ရှိတဲ့ ငမောင်ကို ရွာသူအပျိုချောတချို့ မျက်စိကျနေပေသည့် ငမောင့်စိတ်သည် သူ့မဖုရားထံမှာသာ။
ရွှေစင်သည် ယုတ်မာရိုင်းစိုင်းလွန်းသူမဟုတ်။ သို့သော် ငယ်နိုင်ဖြစ်နေသည့် သည် လုလင်ပျိုကို သူ အနိုင်ကျင့်နေရသည်ကို ပျော်လေသည်။
ရွှေစင်ရွာပြန်ရောက်လာပြီး ရွှေစင်မိဘတွေက အိမ်မှာ အလှူလုပ်သည်။ ငမောင်တို့ မအားရတော့။ သူက လူရင်းမဟုတ်လား။ အောက်ခြေသိမ်း အကုန်စီမံ။ ရွာသူ ပျိုဖြူချောတို့လား အကုန်ဝိုင်းကာဝန်းကာ အလှူအတွက်ကူညီကြ။ ရွှေစင့်မိဘတွေနှင့်က မကင်းရာ မကင်းကြောင်းတွေ များသည်လေ။
“ကိုငမောင်ကြီး နားပါဦးတော့
ရော့ရော့ အခါးရည် ပူပူလေးသောက်။”
ငမောင့်အပေါ် စေတနာပိုလွန်းသော ပျိုဖြူချောကို ကျေးဇူးတင်စွာ အခါးရည်ပူပူလေး တရှုးရှုး မှုတ်သောက်သည်။ အပြင်မယ်နွေနေက ပြင်းလှသည်လေ။
“ကိုငမောင်”
အို မယ်ဖြူ လေး က လက်ဖက်သုတ်ပန်းကန်ကိုင်လျက် ငမောင့်ကို ခွံ့အကျွေး။ ဘေးက အပျိုခေါင်း မမိလှက တခစ်ခစ်ရယ်။ အပျိုအုပ်က တဝါးဝါးပွဲကျ။
အပေါ်ထပ်က ပြတင်းတစ်ချပ်က လေမတိုက်ပါဘဲ ဒိုင်းကနဲ ပိတ်လေသည်။ငမောင့် ကမ္ဘာလဲ တခြမ်းပြိုကျသည်။ ထင်သည့်အတိုင်း “ငမောင်” ရွှေစင့်အသံက စူးရှရှ။
“အောက်က ခွေးချည်တဲ့ လည်ပတ်သွားယူခဲ့ငမောင် နင်က ဘဝမေ့နေတယ်။”
ပထမဆုံးအဖြစ် သူ့သခင်မကို သူငြင်းဆန်သည်။ “မတပ်ပါရစေနှင့် မမရယ်။ လူတွေအများကြီးမို့ပါ။” ”အောင်မယ် ငယ်မွေးခြံပေါက် ကျွန်က ကျွန်ပေါ့ နင်က ဘဝမေ့နေတာလေ။” သူ့ပါးပေါ် ဆက်တိုက်ကြလာတဲ့ ရိုက်ချက်တွေ။ အို သူ ဘာဖြစ်သွားမှန်းမသိ။ လက်ဖဝါးလေးနုနုက ငမောင့်အသားတွေ မနာစေပါ။ ငမောင့်တစ်ကိုယ်လုံးကိုတော့ တဆတ်ဆတ် နတ်ပူးသလို တုန်ယင်နေစေသည်။ မနေနိုင်တော့ပါ။ ခွေးသားရေလည်ပတ်ကိုတင်းတင်းဆွဲပတ်မိသည်။
ရွာထဲက အပျိုတသိုက်ကို ရှောင်ပါသော်လည်း တဝိုင်းထဲမို့ ရှောင်မရ။ သိမ်ငယ်စိုးရွံစိတ်ကြားထဲက မသိမသာပျော်နေသည့် သူ့စိတ်ကို ငမောင်သာ သိပါသည်လေ။
ညလေးတည ရှိခဲ့ဘူးသည်။
လသာနေသည်လေ။
နွားစာတိုက်အပေါ်ထပ်က ငမောင့် စံနန်းတော်။
သည်တညက အိပ်မက်မက်နေသည်။ လမင်းကြီးဆီက လ နတ် သမီးလေးက ငမောင့် စံနန်းဆီရောက်လာသည်တဲ့။
နူးညံ့သော ခြေဖဝါးလေးက ငမောင့် မျက်နှာထက်မှာ။
သူအိပ်မက်မက်နေသလား။
သူ့လျှာဖျားမှာ နူးညံ့သော လနတ်သမီးကို ခြေဖဝါးလေးကို ငမောင်ထိတွေ့ရသည်။ မိန်းမောစွာ။ အိပ်မက်မက်နေသူလို။ သူ့မျက်နှာပေါ် ခြေဖ၀ါးလေးဝဲနေတာကို မျက်စိဖွင့်မကြည့်ရဲခဲ့။ အိပ်မက်ကလေး ပျောက်ကွယ်သွားလိမ့်မည်လေ။
လေပြေညှင်းကလေး ဝဲနေရာက လေပြင်းက ဆောင့်တိုက်လာသည်။ မိုးတို့ သဲသဲသန်သန်ရွာချလိုက်တော့ သူ့မျက်လုံးအစုံကို ဖွင့်ကြည့်မိသည်။ လမင်းငယ်ကို တိမ်တို့ဖုံးကွယ်လေပြီ။ လနတ်သမီးလဲ မရှိတော့။ နွားစာတိုက် ပြတင်းငယ်က လှမ်းကြည့်လိုက်တော့ အိမ်မကြီးဆီ ပြေးသွားသူ တစ်စုံတစ်ဦးကို ငမောင်မြင်လိုက်သည်။
ဝေခွဲမရ စိတ်ကို ထိန်းသိမ်းနေဆဲ။
နွားစာတိုက်အောက်က ကြည်အေးအသံ။
“ငမောင် အစ်မရွှေစင် ခေါ်နေတယ် အခုလာခဲ့”တဲ့။
“ဟာ့ သည်အချိန်ကြီးလားဟ။”
“လာမှာ လာစမ်းပါတော်။”
“ဟိုကအကြောင်းလဲ သိသားနှင့်ကို။”
“လာပြီလာပြီ”
ပုဆိုးတိုတိုပြင်ဝတ် ခမောက်တလုံးဆောင်းရင်း အိမ်မဘက် ကူးပစ်ခဲ့သည်။
အိမ်အပေါ်ထပ်မယ် ဘယ်သူမှမရှိ။ အခုမှ သတိရသည်။ ဦးကြီးနှင့်ဒေါကြီး မရှိသည်ပဲလေ။
“ငမောင် ဒူးထောက်စမ်း”
“ဟုတ်ကဲ့ မမ”
ဘာအပြစ်ရှိလို့ ခေါ်မှန်းမသိ။
လှုပ်ကုလားထိုင်မှာ မမရွှေစင် အကြာကြီးထိုင်နေသည်။ ကုလားထိုင်က အသံတစ်ခုသာ စိုးမိုးနေဆဲ။ ဝါဆိုဖယောင်းတိုင်ကြီးတစ်တိုင် ထွန်းထားလို့ အလင်းရောင်က ကောင်းကောင်းရသည်။
“နင် မတ်တပ်ရပ်စမ်း
တိုင်မှာ ကပ်လိုက် “
အခုမှ ငမောင်မြင်သည်။
တိုင်မှာ နွားချည်ကြိုးတွေ တွဲလောင်းကြအဆင်သင့်။ သူ့ကိုတင်းကြပ်အောင်ချည်နေသော မမလက်ကလေးတွေကို သူသနားသည်။ ရွှေဖဝါးတော်နုနု သွေးချေဥလိမ့်မည်။ လှုပ်မရအောင်တင်းကျပ်စွာ ချည်လို့ သူနာကျင်နေသလို သူ့သခင်မဖုရားလက်တွေ နာကျင်နေလိမ့်မည်။
ရွှမ်းကနဲ ကျလာသော နွားရိုက်တံကြိမ်က အသားထဲနစ်နစ်ဝင်နေသလို။ သူ့ကျောပြင်တွေ။ သူ့တင်ပါးပေါ်တွေ။
မိုးသီးမိုးပေါက်တွေ သွပ်ခေါင်ပေါ်ကျနေသလို။ ကြိမ်ရိုက်ချက်တွေ သူ့ကိုယ်ပေါ်မှာ။ ကြာလာတော့ တအားကို နာကျင်နေပြီ။ သခင်မဘုရားသည် မှော်တစ်ခုဝင်နေသူလို သူ့အလုပ်ကိုသာ တွင်တွင်လုပ်သည်။
မိုးညတစ်ည
မှော်ဝင်နေသော သခင်မ
သူတို့အတွက် နောက်ဆုံးသောညမှန်း မသိခဲ့ပါလေ။
သည်နောက်တော့ မဖုရားသခင်မကို ငမောင်တွေ့ခွင့်မရတော့။ မဘုရား မင်္ဂလာဆောင်အတွက်သာ တွင်တွင်အလုပ်များတော့သည်လေ။ ဂုဏ်တူခြင်းထပ် မြတ်ကြသည့်ပွဲ။ ငမောင် ဘာမှ ပြောစရာမရှိပါ။ ပြောခွင့်သည်လဲ သာသူမဟုတ်။ မဖုရားရွှေစင်သည် မဖုရားသာ ငမောင့်ချစ်သူမဟုတ်။ အသဲကွဲသည်ဆိုတာ ဒါလား။ ငမောင်တစ်ယောက် နေမထိထိုင်မသာ။ ချစ်ခင်မြတ်နိုးသူနှင့်ကွေကွင်းရခြင်း ဒုက္ခ။ ငမောင့်အတွက် ကြီးမားလွန်းခဲ့လေသည်။
“မှန်ရာကို သစ္စာဆိုပါမည်
ဘုရားသခင်ထံ တိုင်တည်ဖူးပါသည်။ ရင်မှာတစ်ယောက်တည်း ချစ်ခဲ့ဘူးပါသည်။ xxxxxx မျက်နှာတော်မော်ကာဖူးချင်သည်။ “
လော်စပီကာက ထွက်လာသော အသံက ငမောင့်စိတ်ကို ကြိတ်ခြေနေသလို။ မျက်နှာတော် မော်ကာဖူးချင်နေပေမယ့် အရိပ်ရယ်မှ အရောင်ကိုတောင် ငမောင်တွေ့ခွင့်မသာ။
မင်္ဂလာဆောင်သော ရက်မှသာ အဝေးက မျှော်ငေးခွင့်ရသည်။ လှရက်ပါဘိ သခင်မဖုရားရယ်။
သည်ညဦးသည် ငမောင့် နှလုံးသားတို့ ကြေကွဲပျက်သုဉ်းသောည။ သခင်မအတွက် မင်္ဂလာဦးည။ သည်ညက အမှန်တော့ ဆွတ်ပျံ့ကြည်နူးဖွယ် ရသသာ ဖြစ်သင့်သည်။ တစ်ခါမှ မသောက်စဖူး ချက်အရက် ပုလင်းတွေကို ဘယ်ကဘယ်လို ဘယ်နှစ်ပုလင်းမှ မသိအောင် သောက်ပစ်လိုက်သည်။ မူးနေလျှင် မေ့နိုင်လိမ့်မည်လေ။ လောကကြီးနှင့် တတင်္ဂ အဆက်ပြတ်နေဆဲ။
ခပ်ဝေးဝေးမှ သံချောင်းခေါက်သံတွေ။ “မီးဟေ့ မီး”ဆိုသောအသံများ။ တသက်တာထားရှိခဲ့သော ဖျတ်လတ်မှုနှင့် ငမောင် ကျုံးထသည်။
မီးက အိမ်နှင့်နီးသည်ပဲ။
နွားစာတိုက်ရဲ့အောက်ထပ်က နွားတွေ။ ငမောင့် ရဲဖော်ရဲဖက်တွေ။ ၇ ကောင်။ ငမောင် ချည်ကြိုးတွေ ဖြတ်။ လွတ်ရာ ဆွဲထုတ်သည်။ ၇ ကောင်လုံး ခြံပြင်ရောက်ပြီ။ နွားစာတိုက်တဖက်ခြမ်း မီးက ကူးစပြုပြီ။ အိမ်မကြီးအတွက်က ပူစရာမရှိ။ ဝင်းက အတန်ငယ် ကျယ်သည်။ ကြားမယ် မီးတားလမ်းသဖွယ် ရှိပြီးသား။ သူနေရာ နွားစာတိုက်ကတော့ မီးထဲပါတော့မည်။
ရုတ်တရက် တစ်စုံတစ်ခုကို သတိရသည်။ မွှေးနံသာသော ပုဝါလေး။ လပြည့်တစ်ညက လနတ်သမီးရဲ့ ပုဝါ။ ငမောင့်ထံ ကျကျန်ရစ်လေသော ပုဝါ။
ငမောင် နွားစာတိုက်ဆီ ပြေးလေသည်။ ဝိုင်းအော်နေသော လူတွေရဲ့အသံ။ မီးက နွားစာတိုက်တဖက်ခြမ်းအတော်ကြီးနေလေပြီ။ သို့သော် ငမောင် မီးစာတိုက်ဆီ ပြေးလေသည်။
“ငမောင် ပြန်လာခဲ့စမ်း”
သူ။
မဖုရားသခင်မ။
မမရွှေစင်ရဲ့အသံ။
မလာချင်တော့ဘူး သခင်မ။
မနာခံလိုတော့ပြီလေ။
ငမောင် နွားစာတိုက်ပေါ် တက်ပြေးသည်။ သူ့အိပ်ယာစွန်းတဖက်မှာ မီးဟုန်းဟုန်းတောက်နေလေပြီ။ ခေါင်းအုံးအောက်က ပုဝါစငယ်ကို စွဲအထုတ်။ မီးစွဲယက်မတန်းက ပြုတ်ကျလေပြီ။
“အား” သူနာနာကျင်ကျင် တစ်ချက်အော်သည်။ မိုးညက ကြိမ်ဒဏ်ခံစားနေစဉ်ကလို ။
တဖြည်းဖြည်း မနာကျင်တော့။
ဟုတ်သည်။
မနာကျင်တော့
လွတ်လပ်ပေါ့ပါးလာသည်။
ပုဝါစငယ်ကို ရင်ဝယ်ပိုက်ရင်း
ကြယ်တွေဆီ သူပျံသန်းမိသည်။
မြေပြင် ခပ်ဝေးဝေးမှာ
မျက်ရည်လဲရွှဲ သူ့သခင်မ။
ဘယ်သူ့အတွက် ငိုသလဲ။
ဘယ်သူ့အတွက်လဲ။
နေရစ်ခဲ့တော့လေ။
ငမောင့်မှာ သည်ပုဝါတထည် ရှိရင်ကိုပဲ သံသရာအတွက်တောင် လုံလောက်ပါပြီရယ်။
ကန်ရေပြင် လေညှင်းလေးက တိုက်ခတ်ဆဲ။
ထောပတ်သီးဖျော်ရည်ထဲ အကြောင်းမဲ့ ပိုက်ကလေးကို ထိုးမွှေနေရင်း။
“အဲ့ဒါပဲ ဦးကျော်မင်းထင် မင်းမင်းသိခဲ့တာ ဒါအကုန်ပဲ။ မင်းမင်းဘဝက ကနဦးပုံမှန်ပဲ။ ဖေဖေဆုံးပါးပြီးတဲ့နောက်မှာ မင်းမင်း အိပ်မက်ဆိုးတွေဆက်တိုက်မက်တယ်။ အိမ်မဲကြီးတစ်လုံးအကြောင်း။ တောင်ကြီးကအပြန် သာစည်လွင်ပြင်မှာ မင်းမင်း အိပ်မက်ထဲက အိမ်ကို တွေ့ခဲ့တယ်။ မျက်ဝါးထင်ထင် တွေ့ခဲ့တယ်။ အိပ်မက်ထဲက ပစ္စည်းတွေဟာ အဲသည့်အိမ်မှာ တကယ် ရှိနေခဲ့တယ်။ ဘေးအိမ်ကို စုံစမ်းကြည့်တော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ က အဲ့အိမ်မဲကြီးမှာ နွားစာတိုက်မီးလောင်ပြီး နွားတွေအသက်ရှင်အောင်ဆွဲထုတ်ခဲ့တဲ့ သူရင်းငှါး မီးလောင်ပြီး သေသွားခဲ့တယ်တဲ့။ နောက်အိမ်ရှင်အဖိုးကြီးအဖွားကြီးတွေ ဆုံးပါးသွားတော့ သူ့သမက်က အိမ်ကို ရောင်းပစ်ခဲ့တယ်တဲ့။ ထူးဆန်းတာက အဲ့အိမ်ဟာ ဖေဖေရောင်းပစ်ခဲ့တဲ့အိမ်။ သည်အိမ်ဟာ မင်းမင်း အဖိုးအဖွားတွေ နေခဲ့တဲ့အိမ်ပဲ။ မင်းမင်း စိတ်ရှုပ်ထွေးတာက ဦးကျော်မင်းထင်က သည်အိမ်နှင့် ဘယ်လိုပတ်သက်သလဲ။ တစ်ခုခုတော့ ဆက်စပ်နေတယ်။ ဖုန်းထဲမှာ ပြောတဲ့ ကျွန့်တော့်ဆီရောက်ရင် ရှင်းသွားမှာပါ ဆိုတာကရော ဘာလဲ”
စကားအရှည်ကြီး ပြောရင်း မင်းမင်းစိုး မောဟိုက်နေသလို ခံစားရလေသည်။
“ပထမဆုံး ပြောချင်တာက ကျွန်တော့ကို ကိုကျော်မင်းထင် လောက်ဆိုရင် လုံလောက်ပါပြီ မမင်းစိုးရယ်။ တကယ်က မမင်းစိုး ထက် ကိုယ်က ၂ နှစ်ငယ်တယ်”
မင်းမင်းစိုး တချက်ပြုံးဖြစ်သည်။ ကျော်မင်းထင်က သူ့ထက် ၂ နှစ်ငယ်ပေမယ့် မြင့်မားသောအရပ်နှင့် ထွားကြိုင်းသော ကိုယ်ဟန်ရှိသည်။
“အဲ့ အပြုံးလေး ဟုတ်တယ် အဲ့အပြုံးလေးလေ”
ရုတ်တရက် မင်းမင်းစိုး ကြောင်သွားသည်။
“ဘာလဲ ကိုကျော်မင်းထင်”
“မမင်းစိုးရဲ့ အပြုံးက သူနှင့်သိပ်တူတယ်။ သူဆိုတာ ရွှေစင်လေ။ မမင်းစိုးရဲ့အမေ အန်တီရွှေစင်ပေါ့။ သူက ကျွန်တော့်အချစ်ဦး ဖြစ်ခဲ့ဘူးတယ်”
ကျော်မင်းထင်က ငေးငိုင်စွာ။ အဝေးကို လှမ်းကြည့်ဆဲ။
“အတိတ်ဘဝကပါ မမင်းစိုး။ မီးလောက်ပြီး သေသွားရှာတဲ့ သူရင်းငှါးဟာ တောင့်တတဲ့ချစ်ခြင်းတရားကို ရင်ဝယ်ပိုက်ထားရှာတာ။ “
“မမင်းမင်းစိုးကို အစည်းအဝေးတစ်ခုမှာ ကျွန်တော်တွေ့ကတည်းက ရွှေစင်ကို ပြန်တွေ့လိုက်ရသလိုပဲ။ရွှေစင့် ပုံရိပ်က ကျွန်တော့ နှလုံးသားမှာ သံသရာတလျောက် တံဆိပ်ခတ်ပြီးသားဗျ ။ ဘယ်တော့မှ မမေ့တော့ဘူး”
ကိုယ်ဟာ ငယ်စဉ်ကလေးဘဝကတည်းက အိပ်မက်တစ်ခုကို ထပ်ကာထပ်ကာ မက်ခဲ့တာ။ အိမ်မဲကြီးရယ်။ လှုပ်ကုလားထိုင်ရယ်။ ဝါဆိုဖယောင်းတိုင်ရယ်။ တိုင်လုံးကြီးတစ်ခုရယ်။ ကံကောင်းချင်တော့ ခရီးသွား ကုမ္ပဏီတစ်ခုကိုပါ ပူးတွဲလုပ်နေတော့ သာစည်က ရောင်းမည်တံဆိပ်ကပ်ထားတဲ့ အိမ်မည်းကြီးကို တွေ့ပြီးဝယ်ခဲ့တယ်။ အိမ်ထဲမှာတွေ့တဲ့ လှုပ်ကုလားထိုင်ရယ်၊ ဝါဆိုဖယောင်းတိုင်ရယ်ကို အိပ်မက်ထဲကအတိုင်း ပြင်ဆင်ထားခဲ့တယ်။ တစ်ချိန်မှာ သည်အိမ်နှင့်ပတ်သက်သူတစ်ဦးနှင့် ဆုံဆည်းရလိမ့်မယ်လို့လဲ ကို ယုံကြည်ပါတယ်။
နောက်ဆုံးတစ်ခုကတော့ ကိုယ် မင်းမင်းကို လက်ထပ်ချင်ပါတယ်။
ကိုယ်ဟာ ပညာတတ် လူကြီးလူကောင်းတစ်ယောက်ပါ။ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလဲဖြစ်တယ်။ သိမ်ဖျင်းတဲ့ အနိုင်ယူလိုစိတ်နှင့် အတ္တလူသားမဟုတ်ရပါဘူးလေ။ ရွှေစင့်ဆီက ကိုယ်အကြွေးတွေရဖို့ ရှိသေးတယ်ဆိုရင် ကိုယ်အတိုးချ ချစ်ခြင်တဲ့ အချစ်ကြွေးကိုသာ မင်းမင်းစိုး ဆပ်ပါလေ။ သံသရာကြွေးတွေကိုတော့ ကိုယ် တုံ့လှည့်လို့မယူချင်ရက်ပါပြီလေ။
ရန်ကုန်မြို့ရဲ့အကြီးကျယ်အခမ်းနားဆုံးသော ဟိုတယ်တစ်ခုမှာ ကျော်မင်းထင်နှင့်မင်းမင်စိုးတို့ရဲ့ မင်္ဂလာပွဲက ခမ်းနားကြီးကျယ်ခဲ့သည်လေ။
အို မိတ်ဆွေ
သာစည်လွင်ပြင်က အိမ်မည်းကြီးတစ်အိမ်မှာလေ တစ်ခါတစ်ရံ ဇနီးမောင်နှံနှစ်ဦး ရောက်ရောက်လာတတ်သတဲ့။
အိမ်မည်းကြီးက အခု ရေနံချေးတွေဝလို့ မဲပေသည့် တောက်ပြောင်သစ်လွင်လို့လေ။ ခြံထဲမှာ ကောနေတဲ့ စမ်းချောင်းငယ်လေးတစ်ခုကို ရေစီးကြောင်း ပြန်ဖော်ထားတာ တသွင်သွင်စီးလို့။ အင်မတန်တော်တဲ့ မာလီတစ်ယောက်ပုံဖော်ထားတဲ့ ခမ်းနားလှပတဲ့ ပန်းဥယျာဉ်တစ်ခုလဲရှိတယ်။ပန်းဥယျာဉ်ကို ရစ်ပတ်ခွေထားတဲ့ ကွန်ကရစ်လမ်းကလေးတွေဟာ အင်မတန်လှပတာပဲ။ ခြံဝင်းဟာ အုတ်တံတိုင်း မြင့်မြင့်စွင့်စွင့်ခတ်လို့။ ခြံဝင်းကြီးက ကျယ်လွန်းတော့ အိမ်ထဲ ဝင်းထဲ ဘာဖြစ်နေသလဲတောင် အပြင်က မသိနိုင်ဘူးလေ။
မြေစိုက်နံကပ် အညာအိမ်ပေမယ့် အထဲမယ် ပြင်ဆင်ထားချက်က ဟိုတယ်ကြီးတစ်ခုလိုပဲရယ်။ အိမ်မကြီးရဲ့ ပင်မအခန်း တစ်ခုက သိပ်ထူးဆန်းတယ်။ တစ်အိမ်လုံး လျှပ်စစ်သွယ်ထားပေမယ့် သည်တခန်းမှာ မီးမရှိဘူး။ အခန်းထဲမှာ ပရိဘောဂ တစ်ခုပဲရှိတယ်။ လှုပ်ကုလားထိုင်တစ်ခုလေ။ အခန်းထဲမှာ အလင်းရောင်ရအောင် ဝါဆို ဖယောင်းတိုင်ကြီး တစ်တိုင်ထွန်းထားတတ်တယ်။ ပြီးတော့ မိုးရွာတဲ့ညတွေဆို အဲ့အခန်းထဲက သစ်သားတိုင်မကြီးမှာ မိန်းမရွယ်တစ်ယောက်ကို ကြိုးတွေနှင့် တင်းတင်းကြပ်ကြပ် တုပ်နှောင်ထားတတ်တယ်။ သူ့ချစ်သူက ခါးက ခါးပတ်ကို ချွတ်လိုက်ရင်ကို ကြက်သီးမွှေးညှင်းကလေးတွေ ထကုန်တာပဲ။ မိန်းမရွယ်လေးရဲ့ ကျောပြင်တွေ တင်ပါးတွေမှာ ခါးပတ်ရာတွေ ထင်ကုန်ပေမယ့် မိန်းမရွယ်လေးက သိပ်ကို ကျေနပ်ပီတိ ဖြစ်နေရှာတာ။
မိန်းမရွယ်လေးက မနက်စောစော မထချင်သူလေးလေ။ သူ့ချစ်သူက အစောနှိုးတတ်တယ်။ ရောင်နီလာစလေ။” ခွေးမလေး ကိုယ်တို့ခြံတစ်ပတ် လမ်းလျှောက်စို့”ဆိုတဲ့ စကားသံကြားရင် မိန်းမရွယ်လေးက ဘယ်တော့မှ ဆက်အိပ်မနေနိုင်ဘူး သိလား။ သူ ကမန်းတတန်းထပြီး သူ့တစ်ကိုယ်လုံးက အဝတ်အစားတွေ ချွတ်ချ။ ဒူးနှင့်လက်ဖဝါးမှာပဲ အစွပ်လေးတွေစွပ်ပြီး သူ့ချစ်သူကောင်လေးဘေး ဒူးထောက်ပေးတတ်တယ်။
မိန်းမရွယ်လေးရဲ့ လည်ပင်းမှာ သားရေလည်ပတ်ကလေး တပ်ပေးပြီး သံကြိုးရှည်ရှည်လေးကို သူ့ချစ်သူကောင်လေးက ကိုင်လို့ ခြံတစ်ပတ် လမ်းလျှောက်ထွက်ကြတယ်လေ။ ဝေလီဝေလင်း ခြံကလဲ အုတ်တံတိုင်း အမြင့်မို့ သူတို့ကို မြင်မယ့်သူမရှိဘူး။ တစ်ခါတစ်လေ မိန်းမရွယ်လေးက မူနွဲ့ပြီး ပေကပ်ကပ်လုပ်တတ်တယ်။ ဖလော်ဂါလို့ခေါ်တဲ့ အမွှေးဖွားသားရေကျာပွတ်ကလေး ရွှမ်းဆို တင်ပါးကို လာထိခတ်ရင် ကျေနပ်ပီတိလှိုင်းတွေ တစ်ကိုယ်လုံး လှိုက်ဖြာရိုက်ခတ်သွားသလိုပဲလေ။
ခြံထဲက အလှဆင်ခုံလေးတွေမှာ မနက်စာ စားကြတယ်လေ။ တစားပွဲထဲတော့ မဟုတ်ဘူး။ အမျိုးသားလေး ပစ်ချကျွေးမွေးသမျှ မိနိးမရွယ်လေးက ကျေကျေနပ်နပ် ခွေးမလေးလို စားသောက်တတ်ပြန်တယ်။ အမျိုးသားလေးရဲ့ ခြေထောက်ကလေးကိုလဲ လိမ်မာတဲ့ ခွေးမကလေးတစ်ကောင်လို ယုယုယယ စုပ်၊လျက်ပေးနေတတ်သေးတယ်။
မိန်းမရွယ်လေးကို တစ်ခါတရံ သစ်ပင်မှာ bare နှင့် ကြိုးတုပ် ချည်နှောင်ထားတတ်တယ်။ ဝါဝင်းလှပတဲ့ အသားအရည်မှာ တစ်ခုခု ဖြစ်သွားမှာ စိုးရိမ်စိတ်နှင့် ကောင်လေးက ကြည့်နေတတ်ပေမယ့် မလှုပ်နိုင်အောင် တုပ်နှောင်ထားတာကို မိန်းကလေးက သိပ်သဘောကျတယ်။
သည် စုံတွဲလေးဟာ ကျော်မင်းထင်နှင့် မင်းမင်းစိုးဆိုတာ သံသယဖြစ်သရာ မရှိပါဘူးနော်။
ပြု သူအသစ် ဖြစ်သူအဟောင်း သံသရာမှာ တုံ့မယူချင်ရင်တောင် ပြန်လည်ပေးဆပ်ရစမြဲဆိုတဲ့ နိယာမကတော့ အမြဲတမ်း မှန်ကန်နေပါတယ်လေ။
ကဲသည်တင်ပဲ ဇာတ်လမ်းလေးကို အဆုံးသတ်မယ်နော်။ ကျော်မင်းထင်နှင့် မင်းမင်းစိုးဆိုတာ တကယ်ရှိတာမို့ သာစည်လွင်ပြင်ရောက်ရင် အုတ်တံတိုင်းမြင့်မြင့်ကြီး ခတ်ထားတဲ့ အိမ်မဲမဲကြီးကိုတွေ့ရင် မစပ်စုရဘူးနော်။
သူ့သခင်နှင့် ခွေးမလေး လွတ်လပ်ပျော်ရွှင်နေပါစေကွာ။
.